ROM ဆိုတာကတော့ Read-Only Memory ကိုအတိုကောက်ခေါ်တာဖြစ်ပါတယ်။ ROM ရဲ့ လုပ်ဆောင်ပုံ ကတော့ " ROM ရဲ့ Memory Chip ထဲမှာ ဘယ်လို instruction နဲ့ signal တွေလာရင် ဘယ်လိုပုံစံအလုပ် လုပ်ရမယ် ဆိုတဲ့ Memory ပါဝင်ပါတယ်။ အဲဒီ Memory ကို hardwares နဲ့ တွဲဖက်ပြီးအလုပ်လုပ်ခိုင်းတာ ကတော့ Firmware ဖြစ်ပါတယ်။" Firmware ဆိုတာကတော့ Memory Chips ထဲမှာ ဘာလာရင်ဘာလုပ် ရမယ်ဆိုတဲ့ instruction တွေကို hardware ကနေပြီးလာတဲ့ signal (တစ်နည်းအားဖြင့်ပြောရရင်တော့ iput device တစ်ခုခုကလာတဲ့ input signal တွေဖြစ်ပါတယ်။)နဲ့ တွဲဖက်ပြီးအလုပ်လုပ်စေတာပါ။ အဲဒါဟာ ROM ထဲမှာပါတဲ့ Firmware ရဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။
ဥပမာတစ်ခုနဲ့ ပြောကြမယ်ဗျာ။ အိမ်တိုင်းမှာ TV နဲ့ DVD player ချိတ်ဆက်ထားတယ်ဆိုပါစို့ ။ DVD Player ရဲ့ အတွင်းပိုင်းမှာ Circuit နဲ့ ROM ရှိပါတယ်။ အဲဒီ ROM ထဲက Firmware က DVD ခွေကိုကျွန် တော်တို့ က Disk Tray ထဲထည့်ပြီးဖတ်ရင် Disk ကို analysis လုပ်မယ်။ ပြီးရင် Disk ထဲက DVD Player တွေအတွက် Run စေတဲ့ menu လေးတွေတက်လာမယ်။(ဥပမာ...DVD 9 ခွေတွေလိုပေါ့ ) ပြီးရင်ကိုယ်က remote နဲ့ ကိုယ်ဖွင့်ချင်တဲ့ movies တွေကိုဖွင့်မယ်။ ဒါမှမဟုတ် Data Disc ( photos တွေ၊ Audio file တွေနဲ့ Mp3 ) တွေဆိုရင် တစ်ဖက်က folder view နောက်တစ်ဖက်က file view လေးနဲ့ ပေါ်လာမယ်။ ဆိုလိုတာက ဘာခွေလာရင်ဘယ်လို ဖတ်ရမယ်ဆိုတဲ့ procedure လေးကိုပါ ROM ရဲ့ Firmware ထဲမှာ ရေးထားတာပါ။
အဲလိုပဲ Computer မှာကော .....သုံးတာပေါ့ဗျာ။ Computer ရဲ့ အတွင်းပိုင်းမှာ motherboard ဆိုတာရှိပါတယ်။ အဲဒီ motherboard မှာ ROM ရှိပါတယ်။အဲဒီ ROM ကိုတော့ ROM BIOS လို့ ခေါ်ပါတယ်။ အဲဒီကောင်လေးက motherboard ရဲ့ အသက်ပါပဲ။ Motherboard မှာ installed လုပ်မယ့် CPU,memory, Harddisk, Graphic Card နဲ့ အခြားသော hardware devices များရဲ့ setting တွေ date တွေ times တွေ နဲ့ Boot Sequence တို့ ပြီးတော့ သူ့ ရဲ့ version အစရှိတာတွေကိုဖော်ပြပေးပါတယ်။
ROM တွေမှာ မှတ်ထားတဲ့ firmware တွေကအသေဖြစ်ပါတယ်။ဆိုလိုတာက power ပိတ်သွားပေမယ့် လည်း သူ့ ရဲ့ Procedural Setting တွေကို သိမ်းဆည်းထားပေးထားပါတယ်။ တကယ်လို့ အဲဒီ ROM ဟာ power ရပေမယ့် အလုပ်မလုပ်တော့ဘူးဆိုရင်တော့ ROM ကိုမောင်းနှင်ပေးတဲ့ firmware နဲ့ ဆိုင်သွားပါ ပြီ။ တစ်ချို့ သော Mp3, Mp4 တွေမှာ power ရပြီးဘာမှမပေါ်တော့ဘူးဆိုရင်တော့ ROM လစ်သွားပါပြီ။ အဲဒါကို online ကပြန်ရှာပြီးထည့်ရပါတယ်။ အဲလိုရှာထည့်တဲ့နေရာမှာလည်း ROM chip ပေါ်က model number တို့ serial number တို့ နဲ့ ပြန်တိုက်ရှာရပြီးမှားသွားရင်တော့ အဲဒီ mp3,mp4 ကအလုပ်မလုပ် တော့ပါဘူး။ ကျွန်တော်ကတော့ mp3 နှစ်လုံးလောက်လုပ်ဖူးတယ်။
ကွန်ပျူတာမှာကတော့ BIOS update လုပ်တယ်လို့ ခေါ်ပါတယ်။ BIOS update ကကိုယ်သုံးနေတဲ့ စက်မှာ keyboard တွေကမသိတော့ဘူး။တစ်ခါတစ်လေရတယ်..တစ်ခါတစ်လေမရဘူးအဲလိုမျိုးတွေဖြစ်တာတို့ နောက် Board က error တက်တာတို့ ဖြစ်လာရင် BIOS update လုပ်ရပါတယ်။ နောက်ပြီးတော့ ကိုယ့် motherboard ရဲ့ official site ကိုသွားပြီး BIOS update လုပ်ဖို့ လိုတဲ့ error ဖြစ်မဖြစ်အရင်သွားဖတ်ရ ပါတယ်။ ပြီးတော့ Manufacturer တွေက သူတို့ BIOS version တွေကိုခုနှစ်အလိုက်သတ်မှတ်ထားတာ မျိုးရှိလေတော့ ကိုယ့် BIOS version ကိုစစ်ပြီးတော့ BIOS update လုပ်ပေးရတာမျိုးဖြစ်ပါတယ်။
ကျွန်တော့်ကို BIOS update လုပ်တာကိုသင်ပေးခဲ့တဲ့သူကတော့ ကိုပြည့်ဖြိုးဝင်း ( ခုတော့ Acer မှာ Manager ရာထူးနဲ့ တာဝန်ထမ်းဆောင်နေတာ) ဖြစ်ပါတယ်။သူသင်ပေးသွားလို့ ပဲအဲဒီအကြောင်းတွေနား လည်သွားတယ်ဆိုပါတော့ဗျာ။ ဟိုးအရင် Pentium III တုန်းကဆိုရင် motherboard ပေါ်က ROM chip လေးတွေကိုယူပြီး BIOS update လုပ်ရတာပါ။ခုနောက်ပိုင်းတော့လွယ်သွားပါပြီ။ Dual BIOS တို့ Crash Free BIOS တို့ ပေါ်လာပြီဖြစ်တဲ့အတွက်အဆင်ပြေသွားပါပြီ။ ကျွန်တော် Service Company တွေတုန်း ကတော့အကြောင်းအမျိုးမျိုးကြောင့်ဖြစ်လာတဲ့ motherboard error တွေကို ( BIOS update လုပ်ဖို့ လို တဲ့ error တွေပေါ့) BIOS update လုပ်ဖူးပါတယ်။ အဟဲ...UPS ကောင်းကောင်းတစ်လုံးတော့လိုတာပေါ့ ဗျာ။
တစ်ခုရှိတာက BIOS update လုပ်နေတုန်းမီးပြတ်သွားရင် အဲဒီ BIOS ဟာ ပျက်တတ်ပါတယ်။ အဲဒီ motherboard ကလည်းသုံးမရလောက်အောင်ကိုဖြစ်တတ်ပါတယ်။အဲဒါကြောင့် BIOS update လုပ်တာပဲ ဖြစ်ဖြစ်...Firmware update လုပ်တာပဲဖြစ်ဖြစ် ( mp3,mp4, phone တွေကိုပေါ့ ) power ကိုတစ်ချက် သတိထားပါ။ power error တွေကြောင့်လည်း ROM တွေပျက်တတ်ပါတယ်။ မီးမငြိမ်တာတို့ ....မီးအား အတက်အကျတွေဖြစ်တာတို့ ဆိုရင် UPS မပါပဲ မလုပ်သင့်ပါဘူး။
ဘယ် Device တွေမှာမဆို ROM တွေပါပါတယ်။ ဆောင်ရန်ရှောင်ရန်တွေကိုသိနိုင်စေဖို့ နဲ့ ROM တွေရဲ့ အလုပ်လုပ်ပုံတွေကိုသိစေဖို့ အဓိကရည်ရွယ်ပြီးရေးသားလိုက်ရပါတယ်။
အားလုံးပဲပညာဗဟုသုတကြွယ်ဝတိုးတက်ကြပါစေ..ဗျာ။

Pentium III board က ROM BIOS လေး... BIOS update လုပ်ဖူးတဲ့ service သမားတိုင်းအမှတ်ရနေမှာပါ |
အဲလိုပဲ Computer မှာကော .....သုံးတာပေါ့ဗျာ။ Computer ရဲ့ အတွင်းပိုင်းမှာ motherboard ဆိုတာရှိပါတယ်။ အဲဒီ motherboard မှာ ROM ရှိပါတယ်။အဲဒီ ROM ကိုတော့ ROM BIOS လို့ ခေါ်ပါတယ်။ အဲဒီကောင်လေးက motherboard ရဲ့ အသက်ပါပဲ။ Motherboard မှာ installed လုပ်မယ့် CPU,memory, Harddisk, Graphic Card နဲ့ အခြားသော hardware devices များရဲ့ setting တွေ date တွေ times တွေ နဲ့ Boot Sequence တို့ ပြီးတော့ သူ့ ရဲ့ version အစရှိတာတွေကိုဖော်ပြပေးပါတယ်။
ဒါကတော့ CD player ထဲမှာပါတဲ့ ROM chip လေးပါ |
ROM တွေမှာ မှတ်ထားတဲ့ firmware တွေကအသေဖြစ်ပါတယ်။ဆိုလိုတာက power ပိတ်သွားပေမယ့် လည်း သူ့ ရဲ့ Procedural Setting တွေကို သိမ်းဆည်းထားပေးထားပါတယ်။ တကယ်လို့ အဲဒီ ROM ဟာ power ရပေမယ့် အလုပ်မလုပ်တော့ဘူးဆိုရင်တော့ ROM ကိုမောင်းနှင်ပေးတဲ့ firmware နဲ့ ဆိုင်သွားပါ ပြီ။ တစ်ချို့ သော Mp3, Mp4 တွေမှာ power ရပြီးဘာမှမပေါ်တော့ဘူးဆိုရင်တော့ ROM လစ်သွားပါပြီ။ အဲဒါကို online ကပြန်ရှာပြီးထည့်ရပါတယ်။ အဲလိုရှာထည့်တဲ့နေရာမှာလည်း ROM chip ပေါ်က model number တို့ serial number တို့ နဲ့ ပြန်တိုက်ရှာရပြီးမှားသွားရင်တော့ အဲဒီ mp3,mp4 ကအလုပ်မလုပ် တော့ပါဘူး။ ကျွန်တော်ကတော့ mp3 နှစ်လုံးလောက်လုပ်ဖူးတယ်။
ကွန်ပျူတာမှာကတော့ BIOS update လုပ်တယ်လို့ ခေါ်ပါတယ်။ BIOS update ကကိုယ်သုံးနေတဲ့ စက်မှာ keyboard တွေကမသိတော့ဘူး။တစ်ခါတစ်လေရတယ်..တစ်ခါတစ်လေမရဘူးအဲလိုမျိုးတွေဖြစ်တာတို့ နောက် Board က error တက်တာတို့ ဖြစ်လာရင် BIOS update လုပ်ရပါတယ်။ နောက်ပြီးတော့ ကိုယ့် motherboard ရဲ့ official site ကိုသွားပြီး BIOS update လုပ်ဖို့ လိုတဲ့ error ဖြစ်မဖြစ်အရင်သွားဖတ်ရ ပါတယ်။ ပြီးတော့ Manufacturer တွေက သူတို့ BIOS version တွေကိုခုနှစ်အလိုက်သတ်မှတ်ထားတာ မျိုးရှိလေတော့ ကိုယ့် BIOS version ကိုစစ်ပြီးတော့ BIOS update လုပ်ပေးရတာမျိုးဖြစ်ပါတယ်။
ဒီ ROM BIOS ကတော့ Pentium 4 မှပါတဲ့ ROM BIOs ပါ... services သမားတော်တော်များများသိကြမယ်ထင်ပါတယ် |

Comments